Thursday, March 7, 2013

လက်ပံတောင်းတောင်
















လက်ပံတောင်းတောင်ဟာ စိမ်းစိမ်းပြာပြာ ၀ါဝါ၀င်းဝင်းနဲ့ အတော်ပင် ကြည့်လို့ကောင်းလှတဲ့ တောင်ကြီးပါ။ အနီးကပ်ကြည့်ရင် ထုထည်ကြီးမား မြင့်စွင့်လွင့်တက် နေတယ်။ အဝေးက ကြည့်ရင်တော့ ဆင်ကြီး ၀ပ်နေသလိုပါပဲ။ အေးချမ်း လှပငြိမ်းချမ်းခြင်း စိုးမိုး ထုံပျံ့နေတဲ့ နေရာပါ။ ဒါကြောင့် လယ်တီ ဆရာတော် ဘုရားကြီးတောင် ဒီလက်ပံတောင်း တောင်ကို ၁၂၆၅ ခုနှစ်မှာ ကြွလာပြီး ၀ါဆို ၀ါကပ် သီတင်းသုံး ကျမ်းတွေ ပြုခဲ့တာပါပဲ။ လယ်တီ ဆရာတော်ကြီးဟာ ဒီလက်ပံတောင်းတောင် ကျောင်းမှာ စတုသစ္စ ဒီပနီ၊ သမ္မာဒိဋ္ဌိ ဒီပနီ၊ ကမ္မဋ္ဌာန ဒီပနီ ကျမ်းတွေကို ရေးပြုတော် မူခဲ့ပါတယ်။ ပိဋကတ် အစွယ်ချိုး တေးထပ်၊ သီဟတော ဘုရား ကျောက်စာ သံပိုင်း၊ မိုက်မလင်းနိုင်လို့ လေးချိုးကြီး၊ ရွှေချိန်ခွင် အမေးအဖြေ၊ မြန်မာတမန် အဖြေစတာတွေကို ရေးပြုခဲ့ပါတယ်။ လက်ပံတောင်း တောင်ဟာ ပညာအလင်းတောင်၊ ငြိမ်းချမ်းရေး တောင်လို့ ခေါ်သင့်ပါတယ်.....

No comments:

Post a Comment